၁ - လင်းယုန်တွေက ကောင်းကင်ရဲ့ 
အမြင့်ဆုံးမှာ ပျံသန်းကြတယ်တဲ့..။ လင်းယုန်တွေကို စာကလေး နဲ့ တခြားသေးငယ်တဲ့
ငှက်လေးတွေကြားမှာ မတွေ့ရပါဘူး။ သူတို့နဲ့ အမျိုးတူ လင်းယုန်တွေနဲ့သာ
လေဟုန်ဆီးနေတာတွေ့ရမှာပါ။
သင်ခန်းစာက - အမြင်ကျဉ်းပြီး
အတွေးအခေါ်နိုမ့်တဲ့ လူတွေနဲ့ ဝေးရာမှာနေပါ..။ သူတို့ဟာ သင့်ကို အမြင့်က
ဆွဲချမှာဖြစ်တယ်။ အမြင်ကျယ်ပြီး အတွေးအခေါ်မြင့်တဲ့သူတွေနဲ့သာ ပေါင်းဖော်ရင်းနဲ့
ကိုယ်လည်း အမြင့်ကိုရောက်လာနိုင်ပါတယ်တဲ့..။
၂ - လင်းယုန်တွေမှာ တိကျပြတ်သားစွာ
မြင်နိုင်တဲ့ မျက်လုံးတွေရှိတယ်။ သူတို့ဟာ ၅ ကီလိုမီတာ အကွာက သားကောင်ကို
သေချာစွာမြင်နိုင်စွမ်းရှိပါတယ်တဲ့။
သင်ခန်းစာက - သင့်မှာလဲ
တိကျပြတ်သားတဲ့ ရည်မှန်းချက်တွေ ရှိပါစေ.။ ဘယ်လို အခက်အခဲပဲ ကြုံကြုံ ကိုယ်ရဲ့ 
ရည်မှန်းချက်အတိုင်း အမြဲ အာရုံစိုက်ပြီးလုပ်ပါ အောင်မြင်ပါလိမ့်မယ်တဲ့..။
၃ - လင်းယုန်တွေက သေပြီးသား
အကောင်တွေရဲ့ အသားကို မစားဘူးတဲ့..။ သူတို့ကိုယ်တိုင်ဖမ်း လတ်ဆတ်တဲ့ သားကောင်တွေမှ
စားတာတဲ့..။
သင်ခန်းစာက - ကိုယ်မလုပ်နိုင်ခဲ့တဲ့
အတိတ်က အကြောင်းအရာတွေကို ဖက်တွယ် မမှီခိုနေပါနဲ့..။အနာဂတ်မှာ အတွေ့အကြုံအသစ်တွေ
နဲ့ အောင်မြင်မှုတွေရဖို့သာ ရှေ့ရှူပါတဲ့..။
၎ - လင်းယုန်တွေက မုန်တိုင်းတွေကို
ချစ်တယ်တဲ့..။ သူတို့က မုန်းတိုင်းကလာတဲ့ လေပြင်းတွေကို လေဟုန်ဆီးပြီး မုန်တိုင်းရဲ
့အထက် အမြင့်ဆုံးကို ပျံသန်းနိုင်ကြလို့တဲ့..။ တခြားငှက်တွေနဲ့ တိရိစ္ဆာန်တွေကတော့
မုန်းတိုင်းလွတ်လို လွတ်ငြားပုန်းလျှောင်ကြတယ်တဲ့။ ဒါပေမဲ့ သူတို့ဟာ မုန်းတိုင်းက
လွတ်အောင် ပုန်းလျောင်နိုင်စွမ်းမရှိကြဘူး။
သင်ခန်းစာက - အောင်မြင်သူတွေက
စိန်ခေါ်မှုတွေကို မကြောက်ကြဘူးတဲ့။ အဲဒီ စိတ်ခေါ်မှုတွေကို အသုံးချပြီး အမြင့်ကို
တက်သွားကြတယ်တဲ့..။ တချို့ကတော့ စိန်ခေါ်မှုတွေကို ရင်မဆိုင်ပဲ ပုန်းလျှေင်ကြတယ်။
ပုန်းလျှောင်သူတွေဟာ စိန်ခေါ်မှုတွေကို မကြော်လွှားနိုင်ပဲ ရှုံးနိုမ့်ကြရတယ်တဲ့..။
၅ - လင်းယုန်အမတွေဟာ လင်းယုန်ဖိုတွေနဲ့
တွေတဲ့ အချိန်မှာ လင်းယုန်ဖိုတွေ ကတိတည်မတည် စမ်းသပ်ကြတယ်တဲ့..။
သင်ခန်းစာက - ကိုယ်ဖြတ်သန်းရာ ဘဝ
တလျောက်မှာလဲ ကိုယ်ဘယ်လောက် ကတိကဝတ် တည်လဲ စမ်းသပ်မှု အမျိုးမျိုး
ကြုံရမှာဖြစ်သလို တခြားသူကိုလဲ ရမ်းမယုံပါနဲ့တဲ့..။ ကိုယ်ဟာ
ကတိတည်တဲ့လူတစ်ယောက်ဖြစ်မှသာ ကိုယ်နဲ့ လက်တွဲလုပ်ကိုင်မဲ့ လုပ်ဖော်ကိုင်ဖက်
ကောင်းတွေ ရှိလာမှာ ဖြစ်သလို တခြားသူကိုလည်း စမ်းသပ်ပြီး ယုံကြည်ရမှသာ
ယုံကြည်သင့်ပါတယ်..။ ဒါမှသာ ဘဝမှာ မဆုံးရှုံးသင့်တာ မဆုံးရှုံးမှာ ဖြစ်ပါတယ်။
၆ - လင်းယုန်တွေက ကြိုတင်
လေ့ကျင့်သင်ကြားပေးလေ့ ရှိနေကြတယ်တဲ့..။ လင်းယုန်ငှက်မတွေဟာ သူတို့
သားသမီးငှက်လေးတွေကို တောင်ပေါ်ကို ခေါ်သွားပြီး တောင်အောက်ကို ပစ်ချတယ်။ ပထမတော့
လွတ်ချချခြင်း လင်းယုန်ငှက်လေးတွေဟာ ကြောက်ရွံသွားတာပေါ့။ ခဏနေတော့ ငှက်မကြီး
ပျံပြီးလာကယ်တယ်။ အဲလိုနဲ့ ကြိမ်ဖန်များစွာ လင်းယုန်ငှက်လေးတွေ
လေထဲမှာကောင်းကောင်း ပျံနိုင်တဲ့ အထိ သင်ကြားပေးတယ်တဲ့။
သင်ခန်းစာက - ဘဝမှာ
အောင်မြင်ဖို့အတွက် အမြဲလေ့ကျင့်သင်ယူနေရမယ်တဲ့..။ ထပ်ခါထပ်ခါ
အကြိမ်ကြိမ်လေ့ကျင့်ပြီး မိမိ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်သူတွေသာ
အအောင်မြင်ဆုံး ဘဝတွေ ရကြပါတယ်တဲ့။
၇ - လင်းယုန်တွေဟာ
အသက်အရွယ်ကြီးရင့်လာလို့ သူတို့တောင်ပံတွေ လေးလံလာတဲ့ အခါမှာ သူတို့တောင်ပံတွေကို
ကျောက်နံရံတွေနဲ့ ပွတ်တိုက် ရိုက်ချိုးပစ်တယ်တဲ့..။ သူတို့ဟာ အရမ်းနာကျင်တဲ့
ဝေဒနာခံစားရမယ်မှန်း သိပေမဲ့ တောင်ပံတွေကို ရိုက်ချိုးပစ်တယ်။ ဒါမှ အသစ်ထွက်လာတဲ့
တောင်ပံတွေနဲ့ ပိုမိုမြင့်မားတဲ့ ကောင်းကင်ယံကို ပျံသန်းနိုင်ကြမှာ သိလို့ပဲတဲ့..။
သင်ခန်းစာက - အေးဆေးသက်သာတဲ့ Comfort
Zone ထဲမှာ ဘာမှ အောင်မြင်မှု မရနိုင်ပါဘူး။ နာကျင်မှုတွေ ရှုံးနိမ့်မှုတွေ
ပေးဆပ်မှုတွေက နောက်တဆင့်မြင့်တဲ့ အောင်မြင်မှုတွေ ပေးနိုင်မှာပါတဲ့..။
Lessons
From the 7 Principles of the Eagle ကိုဆီလျော်အောင် ပြန်ဆိုပါသည်။

