Wednesday, February 28, 2018

လင်းယုန်ငှက်တွေဆီမှ သင်ယူနိုင်မဲ့ ဘဝအောင်မြင်ရေးနည်းလမ်း (၇) ချက်













၁ - လင်းယုန်တွေက ကောင်းကင်ရဲ့  အမြင့်ဆုံးမှာ ပျံသန်းကြတယ်တဲ့..။ လင်းယုန်တွေကို စာကလေး နဲ့ တခြားသေးငယ်တဲ့ ငှက်လေးတွေကြားမှာ မတွေ့ရပါဘူး။ သူတို့နဲ့ အမျိုးတူ လင်းယုန်တွေနဲ့သာ လေဟုန်ဆီးနေတာတွေ့ရမှာပါ။

သင်ခန်းစာက - အမြင်ကျဉ်းပြီး အတွေးအခေါ်နိုမ့်တဲ့ လူတွေနဲ့ ဝေးရာမှာနေပါ..။ သူတို့ဟာ သင့်ကို အမြင့်က ဆွဲချမှာဖြစ်တယ်။ အမြင်ကျယ်ပြီး အတွေးအခေါ်မြင့်တဲ့သူတွေနဲ့သာ ပေါင်းဖော်ရင်းနဲ့ ကိုယ်လည်း အမြင့်ကိုရောက်လာနိုင်ပါတယ်တဲ့..။

၂ - လင်းယုန်တွေမှာ တိကျပြတ်သားစွာ မြင်နိုင်တဲ့ မျက်လုံးတွေရှိတယ်။ သူတို့ဟာ ၅ ကီလိုမီတာ အကွာက သားကောင်ကို သေချာစွာမြင်နိုင်စွမ်းရှိပါတယ်တဲ့။

သင်ခန်းစာက - သင့်မှာလဲ တိကျပြတ်သားတဲ့ ရည်မှန်းချက်တွေ ရှိပါစေ.။ ဘယ်လို အခက်အခဲပဲ ကြုံကြုံ ကိုယ်ရဲ့  ရည်မှန်းချက်အတိုင်း အမြဲ အာရုံစိုက်ပြီးလုပ်ပါ အောင်မြင်ပါလိမ့်မယ်တဲ့..။
၃ - လင်းယုန်တွေက သေပြီးသား အကောင်တွေရဲ့ အသားကို မစားဘူးတဲ့..။ သူတို့ကိုယ်တိုင်ဖမ်း လတ်ဆတ်တဲ့ သားကောင်တွေမှ စားတာတဲ့..။

သင်ခန်းစာက - ကိုယ်မလုပ်နိုင်ခဲ့တဲ့ အတိတ်က အကြောင်းအရာတွေကို ဖက်တွယ် မမှီခိုနေပါနဲ့..။အနာဂတ်မှာ အတွေ့အကြုံအသစ်တွေ နဲ့ အောင်မြင်မှုတွေရဖို့သာ ရှေ့ရှူပါတဲ့..။

၎ - လင်းယုန်တွေက မုန်တိုင်းတွေကို ချစ်တယ်တဲ့..။ သူတို့က မုန်းတိုင်းကလာတဲ့ လေပြင်းတွေကို လေဟုန်ဆီးပြီး မုန်တိုင်းရဲ့ အထက် အမြင့်ဆုံးကို ပျံသန်းနိုင်ကြလို့တဲ့..။ တခြားငှက်တွေနဲ့ တိရိစ္ဆာန်တွေကတော့ မုန်းတိုင်းလွတ်လို လွတ်ငြားပုန်းလျှောင်ကြတယ်တဲ့။ ဒါပေမဲ့ သူတို့ဟာ မုန်းတိုင်းက လွတ်အောင် ပုန်းလျောင်နိုင်စွမ်းမရှိကြဘူး။

သင်ခန်းစာက - အောင်မြင်သူတွေက စိန်ခေါ်မှုတွေကို မကြောက်ကြဘူးတဲ့။ အဲဒီ စိတ်ခေါ်မှုတွေကို အသုံးချပြီး အမြင့်ကို တက်သွားကြတယ်တဲ့..။ တချို့ကတော့ စိန်ခေါ်မှုတွေကို ရင်မဆိုင်ပဲ ပုန်းလျှေင်ကြတယ်။ ပုန်းလျှောင်သူတွေဟာ စိန်ခေါ်မှုတွေကို မကြော်လွှားနိုင်ပဲ ရှုံးနိုမ့်ကြရတယ်တဲ့..။

၅ - လင်းယုန်အမတွေဟာ လင်းယုန်ဖိုတွေနဲ့ တွေတဲ့ အချိန်မှာ လင်းယုန်ဖိုတွေ ကတိတည်မတည် စမ်းသပ်ကြတယ်တဲ့..။

သင်ခန်းစာက - ကိုယ်ဖြတ်သန်းရာ ဘဝ တလျောက်မှာလဲ ကိုယ်ဘယ်လောက် ကတိကဝတ် တည်လဲ စမ်းသပ်မှု အမျိုးမျိုး ကြုံရမှာဖြစ်သလို တခြားသူကိုလဲ ရမ်းမယုံပါနဲ့တဲ့..။ ကိုယ်ဟာ ကတိတည်တဲ့လူတစ်ယောက်ဖြစ်မှသာ ကိုယ်နဲ့ လက်တွဲလုပ်ကိုင်မဲ့ လုပ်ဖော်ကိုင်ဖက် ကောင်းတွေ ရှိလာမှာ ဖြစ်သလို တခြားသူကိုလည်း စမ်းသပ်ပြီး ယုံကြည်ရမှသာ ယုံကြည်သင့်ပါတယ်..။ ဒါမှသာ ဘဝမှာ မဆုံးရှုံးသင့်တာ မဆုံးရှုံးမှာ ဖြစ်ပါတယ်။

၆ - လင်းယုန်တွေက ကြိုတင် လေ့ကျင့်သင်ကြားပေးလေ့ ရှိနေကြတယ်တဲ့..။ လင်းယုန်ငှက်မတွေဟာ သူတို့ သားသမီးငှက်လေးတွေကို တောင်ပေါ်ကို ခေါ်သွားပြီး တောင်အောက်ကို ပစ်ချတယ်။ ပထမတော့ လွတ်ချချခြင်း လင်းယုန်ငှက်လေးတွေဟာ ကြောက်ရွံသွားတာပေါ့။ ခဏနေတော့ ငှက်မကြီး ပျံပြီးလာကယ်တယ်။ အဲလိုနဲ့ ကြိမ်ဖန်များစွာ လင်းယုန်ငှက်လေးတွေ လေထဲမှာကောင်းကောင်း ပျံနိုင်တဲ့ အထိ သင်ကြားပေးတယ်တဲ့။

သင်ခန်းစာက - ဘဝမှာ အောင်မြင်ဖို့အတွက် အမြဲလေ့ကျင့်သင်ယူနေရမယ်တဲ့..။ ထပ်ခါထပ်ခါ အကြိမ်ကြိမ်လေ့ကျင့်ပြီး မိမိ အလုပ်ကို ကျွမ်းကျင်ပိုင်နိုင်သူတွေသာ အအောင်မြင်ဆုံး ဘဝတွေ ရကြပါတယ်တဲ့။

၇ - လင်းယုန်တွေဟာ အသက်အရွယ်ကြီးရင့်လာလို့ သူတို့တောင်ပံတွေ လေးလံလာတဲ့ အခါမှာ သူတို့တောင်ပံတွေကို ကျောက်နံရံတွေနဲ့ ပွတ်တိုက် ရိုက်ချိုးပစ်တယ်တဲ့..။ သူတို့ဟာ အရမ်းနာကျင်တဲ့ ဝေဒနာခံစားရမယ်မှန်း သိပေမဲ့ တောင်ပံတွေကို ရိုက်ချိုးပစ်တယ်။ ဒါမှ အသစ်ထွက်လာတဲ့ တောင်ပံတွေနဲ့ ပိုမိုမြင့်မားတဲ့ ကောင်းကင်ယံကို ပျံသန်းနိုင်ကြမှာ သိလို့ပဲတဲ့..။

သင်ခန်းစာက - အေးဆေးသက်သာတဲ့ Comfort Zone ထဲမှာ ဘာမှ အောင်မြင်မှု မရနိုင်ပါဘူး။ နာကျင်မှုတွေ ရှုံးနိမ့်မှုတွေ ပေးဆပ်မှုတွေက နောက်တဆင့်မြင့်တဲ့ အောင်မြင်မှုတွေ ပေးနိုင်မှာပါတဲ့..။

Lessons From the 7 Principles of the Eagle ကိုဆီလျော်အောင် ပြန်ဆိုပါသည်။

ကိုယ့်ကိုယ်ကို ကူညီပြီးသား ဖြစ်အောင် သူများကို အရင် ကူညီထားလိုက်ပါ




စတမ်းဖို့ဒ် တက္ကသိုလ် တက်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသားတစ်ယောက်ဟာ ကျောင်းလခ ပေးဖို့ အရမ်းကို အခက်တွေ့နေတယ်။ နောက်ပြီး သူဟာ မိဘမဲ့ ခလေးတစ်ယောက်ဆိုတော့ ဘယ်က ငွေရှာရမှန်းမသိဘူး ဖြစ်နေတာပေါ့...။ နောက်ဆုံး သူ့သူငယ်ချင်းတစ်ယောက်နဲ့ တိုင်ပင်တော့ အကြံတစ်ခုရတယ်။ အဲဒါက ဂီတပွဲ တစ်ခုလုပ်ပြီး ငွေရှာမယ်ဆိုပြီးတော့လေ။ 

အဲဒီအချိန်မှာ ကမ္ဘာကျော် ဂီတပညာရှင်ဖြစ်တဲ့ ဂျေ ပါဒါရော့စကီး ကိုငှားဖို့ စီစဉ်တယ်။ ပါဒါရော့စကီးရဲ့ မန်နေဂျာက ဒေါ်လာ ၂၀၀၀ ဖျော်ဖြေခ ပေးဖို့ သဘောတူပြီး ဂီတပွဲ လုပ်ဖြစ်တယ်။ တကယ်စီစဉ်ပြီး လက်မှတ်ရောင်းတော့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပဲ လက်မှတ်ရောင်းရငွေ ဒေါ်လာ ၁၆၀၀ ပဲရတယ်။

အဲဒါနဲ့ ဖြစ်သမျှအကြောင်းကို ဂီတပညာရှင် ပါဒါရော့စကီး ကိုရှင်းပြတယ်။ အခုရတဲ့ ဒေါ်လာ ၁၆၀၀ ကို အရင်ပေးထားမယ်။ နောက်လိုတဲ့ ၄၀၀ ကို ချက်လက်မှတ်နဲ့ ပေးထားပြီး ငွေရတာနဲ့ လာရှင်းပေးမယ်ဆိုပြီး တောင်းပန်တယ်။ ပါဒါရော့စကီးရဲ့  တုန့်ပြန်မှုကြောင့် ကျောင်းသား လူငယ် ၂ ဦးဟာ အံသြသွားရတယ်။ ပါဒါရော့စကီးဟာ ဂီတပွဲအတွက် ကုန်ကျငွေရယ် ကျောင်းစရိတ်ရယ် နုတ်ခိုင်းပြီး ကျန်တဲ့ငွေသာ သူ့ပေးပါဆိုပြီး ပြောခဲ့တယ်။

လူငယ် ၂ ဦးလည်း အံသြပြီး ကျေးဇူးလည်း အရမ်းတင်သွားတာပေါ့။
အဲလိုနဲ့ နှစ်အနည်းငယ်ကြာတော့ ပါဒါရော့စကီးဟာ ပိုလန်နိုင်ငံ ရဲ့  ဝန်ကြီးချုပ် ဖြစ်လာတယ်။ သိပ်မကြာတဲ့ အချိန်မှာပဲ ကမ္ဘာ စစ်ဖြစ်လာတဲ့အတွက် ပိုလန်ဟာ စစ်မြေပြင် ဖြစ်ခဲ့ရပြီး ဖျက်စီးခံခဲ့ရတယ်။ 

ပိုလန်လူမျိုး ၁ သန်းခွဲကျော်ဟာ အစာရေစာ ပြတ်လတ်ပြီး ငတ်မွတ်ခေါင်းပါးမှုဒဏ် ခံခဲ့ရတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဖြစ်တဲ့ ပါဒါရော့စကီးဟာ အမေရိကန် နိုင်ငံရဲ့  စားနပ်ရိက္ခာ ထောက်ပံရေး အဖွဲ့ (US food and relief administration) ဆီကို အကူအညီလှမ်းတောင်း ခဲ့ရတယ်။ 

အဲဒီ အဖွဲ့မှာ ခေါင်းဆောင် လုပ်နေတဲ့ ဟားဘတ် ဟူဘာက အကူအညီ ချက်ခြင်းပေးပြီး တန်ချိန် များစွားသော အစားအသောက်တွေကို သဘောင်္နဲ့ ပိုလန်နိုင်ငံသားတွေ အတွက် ပို့ပေးခဲ့တယ်။ အဲဒီ အဖွဲ့ခေါင်းဆောင် ဟာဘတ်ဟူဘာ ဟာနောက်တစ်ချိန်မှာ အမေရိကန် သမ္မတ ဖြစ်လာခဲ့တဲ့သူပေါ့။ 

စစ်ပွဲတွေပြီး အခြေအနေတွေ ငြိမ်းချမ်းသွားတော့ ပိုလန်ဝန်ကြီးချုပ် ပါဒါရော့စကီးဟာ ဟားဘတ် ဟူဘာကို သွားရောက်တွေဆုံပြီး စားနပ်ရိက္ခာ အကူအညီတွေ အတွက် ကျေးဇူးတင်စကား ပြောတာပေါ့။ ဟူဘာကလည်း ရပါတယ် ဝန်ကြီးချုပ်ကိစ္စ မရှိပါဘူး ကျေးဇူးတင်ရင်း တင်ရင် ကျနော်က တင်ရမှာပါ။ 

ဝန်ကြီးချုပ် မှတ်မိချင်မှ မှတ်မိလိမ့်မယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် အကြာတုန်းက စတမ်းဖိုဒ့် တက္ကသိုလ်မှာ ကျောင်းလခ အခက်အခဲ ဖြစ်နေတဲ့ ကျောင်းသား ၂ ယောက်ကို ဝန်ကြီးချုပ်ဟာ ဂီတ ပညာရှင်အဖြစ် ကူညီခဲ့ဖူးတယ်။ အဲဒီ ထဲက ကျောင်းသား တစ်ယောက်ဟာ ကျနော် ကိုယ်တိုင်ပါပဲတဲ့..။
ဇာတ်လမ်းလေးက ဒီမှာပဲရပ်ထားပါတယ်။ 

လူတော်တော်များများ အရင်ဆုံးစဉ်းစားကြတာက သူ့ကိုငါကူညီလိုက်ရင် နောက်တချိန် ငါဘာပြန်ရမလဲ ဆိုတာကိုပါ။ အကိျုးအမြတ်မရှိရင် ကူညီဖို့ လက်တွန့် တတ်ကြပါတယ်။
ဟားဘတ်ဟူဘာ နဲ့ ပါဒါရော့စကီးတို့ နှစ်ယောက်ရဲ့  အဖြစ်အပျက်က ရတဲ့ သင်ခန်းစာလေးက
ကိုယ့်ကိုယ်ကို ကူညီပြီးသား ဖြစ်အောင် သူများကို အရင် ကူညီထားလိုက်ပါတဲ့.။

Herbert Hoover and Paderewski True Story ကိုဆီလျှော်အောင် ပြန်ဆိုပါသည်။